အင်တာနက်ဆက်သွယ်မှု › အင်တာနက်ပိတ်ဆို့မှုများနှင့်စောင့်ကြည့်မှုများအားကျော်ဖြတ်ခြင်း

အင်တာနက်ပိတ်ဆို့မှုများနှင့်စောင့်ကြည့်မှုများအားကျော်ဖြတ်ခြင်း

နောက်ဆုံးပြင်ဆင်ထားသော 17 September 2024

မာတိကာ

...မာတိကာ စတင်နေသည်...

    သင်၏ လုပ်ငန်းဆောင်တာများအတွက် အရေးကြီးသည့် ဝက်ဘ်ဆိုဒ်များ နှင့် ဝန်ဆောင်မှုများကို ဝင်ရောက်သွားလာနိုင်ခြင်းခြင်းမရှိတော့ပါက ထိုအရာသည် သင့်အစိုးရ၊ အင်တာနက်ဝန်ဆောင်မှုထောက်ပံ့သူ သို့မဟုတ် သင်အသုံးပြုနေသောကွန်ရက်အတွင်း ပိတ်ဆို့မှုများအား ထည့်သွင်းအကောင်အထည်ဖော်လိုက်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ဤကဲ့သို့သော ပိတ်ဆို့မှုများသည် ဆင်ဆာပြုလုပ်ကန့်သတ်ခြင်း၏ တွေ့ရလေ့ရှိသော ပုံစံများဖြစ်ပါသည်။ သို့သော် ဝင်ရောက်ခွင့်ပိတ်ပင်ထားသော ဝက်ဘ်ဆိုဒ်များကို အများအားဖြင့် တော်တော်များများသော နည်းလမ်းများ နှင့် ကိရိယာများကို အသုံးပြုကာ သွားရောက်နိုင်ပါသည်။

    အင်တာနက် မည်ကဲ့သို့ အလုပ်လုပ်သည် နှင့် ဝက်ဘ်ဆိုဒ်များ မည်ကဲ့သို့ ပိတ်ပင်ခံရနိုင်ကြောင်းကို လေ့လာပါ၊.

    ယခု လမ်းညွှန်တွင် အောက်ပါအကြောင်းအရာများနှင့် ပတ်သက်သော အကြံပြုချက်များကို ကမ်းလှမ်းထားပါသည် :

    • ( စာကြည့်တိုက်၊ အလုပ်ခွင် နှင့် တည်းခိုခန်း စသည့် ) သင် ချိတ်ဆက်အသုံးပြုနေသော ကွန်ရက်များအတွင်း သို့မဟုတ် နိုင်ငံအတွင်း ပိတ်ပင်ထားသော သို့မဟုတ် ဆင်ဆာပြုလုပ်ကန့်သတ်ထားသော ဝက်ဘ်ဆိုဒ်များ နှင့် ဝန်ဆောင်မှုများကို ဝင်ရောက်အသုံးပြုနည်း ;
    • သင့်တည်နေရာကို သင်အသုံးပြုသော ဝက်ဘ်ဆိုဒ်များ နှင့် ဝန်ဆောင်မှုများ၏ ပိုင်ရှင်များ၊ စီမံကိုင်တွယ်သူများမှ သိရှိခြင်းကို ရှောင်ရှားနည်း;
    • သင်ချိတ်ဆက်အသုံးပြုနေသော ကွန်ရက်အတွင်းမှ သူတစ်ဦးဦး သို့မဟုတ် ဒေသတွင်းအင်တာနက်ဝန်ဆောင်မှုထောက်ပံ့သူများ၏ စောင့်ကြည့်ခြင်းကို ရှောင်ရှားနည်း.

    သင်ဝင်ရောက်၍မရသော ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုကို အမှန်တကယ် ပိတ်ပင်ထားခြင်းရှိမရှိကို စစ်ဆေးပါ

    • သင်အသုံးပြု၍မရသော ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှု၏ လိပ်စာကို Down for everyone or just me ဝက်ဘ်ဆိုက်တွင် Down for everyone or just me ၏ ရှာဖွေရန်နေရာမှ တစ်ဆင့် ထည့်သွင်းကာရှာဖွေပါ။ တခြားသော မတူညီသည့် နည်းလမ်းအနေဖြင့် မတူညီသည့်နိုင်ငံတွင်နေထိုင်သည့် စိတ်ချရသူတစ်ဦးအား သင်ဝင်ရောက်လိုသော ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုအား အသုံးပြုနိိုင်ခြင်းရှိမရှိကို စမ်းသပ်အသုံးပြုရန် တောင်းဆိုနိုင်ပါသည်။
    • ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုသည် ဆက်လက်အလုပ်လုပ်နေဆဲဖြစ်ပြီး သင့်အနေဖြင့် အသုံးပြု၍ မရနေပါက သင်၏ နိုင်ငံအတွင်း သို့မဟုတ် အဖွဲ့အစည်းအတွင်းတွင် ထိုဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုကို သွားလာခွင့်ပိတ်ဆို့ထားသည်ဟု မဖြစ်မနေ သတ်မှတ်၍မရနိုင်ပါ။ အကယ်၍ သင်အသုံးပြုလိုသည်မှာ ဝက်ဘ်ဆိုဒ်ဖြစ်ပါက သင်အဓိကအသုံးပြုနေသော ဘရောက်ဇာအတွင်း ပြင်ဆင်ထားသော ချိန်ညှိမှုများ သို့မဟုတ် ထည့်သွင်းထားသော ပလက်ဂင်များကြောင့် ဖွင့်ကြည့်ရန်အဆင်မပြေဖြစ်နေခြင်းဟုတ် မဟုတ် သေချာစေရန် မတူညီသည့် ဘရောက်ဇာတစ်ခုဖြင့် ပြောင်းလဲအသုံးပြုကြည့်ပါ။ အကယ်၍ သင်အသုံးပြုလိုသည်မှာ ဝန်ဆောင်မှု ဖြစ်ပါက မတူညီသည့် အက်ပလီကေးရှင်း သို့မဟုတ် စက်ပစ္စည်းဖြင့် ပြောင်းလဲအသုံးပြုကြည့်ပါ။
    • ထိုနည်းလမ်းများအတိုင်း စမ်းသပ်ကြည့်သော်လည်း ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြု၍မရနေသေးပါက ထိုအရာသည် ပိတ်ဆို့မှုတစ်ခု ဖြစ်နိုင်ချေရှိပြီး ကျော်ဖြတ်နိုင်ရန် အောက်ပါကိရိယာများထဲမှ တစ်ခုကို စမ်းသပ်အသုံးပြုကြည့်ပါ။
    မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

    တစ်ချို့သောအချိန်များတွင် ဆင်ဆာပြုလုပ်ပိတ်ပင်ခြင်းနှင့် ဆက်စပ်မှုမရှိနေသည့် အကြောင်းကိစ္စများကြောင့်လည်း ဝက်ဘ်ဆိုဒ်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို အသုံးပြု၍မရခြင်းမျိုး ဖြစ်တတ်ပါသည်။ နည်းပညာကိစ္စများကြောင့် ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှု ရပ်တန့်ခြင်း၊ သင်၏ ဘရောက်ဇာအတွင်း သိမ်းဆည်းထားသော ဖိုင်များ အသစ်ပြင်ဆင်နေခြင်းမရှိခြင်း၊ သင်၏ ဘရောက်ဇာအတွင်း ထည့်သွင်းထားသော တိုးချဲ့လုပ်ဆောင်မှုများကြောင့် ဝက်ဘ်ဆိုဒ်တစ်ခု ကောင်းမွန်စွာ အလုပ်လုပ်ဆောင်ခြင်းကို တားဆီးနေခြင်း သို့မဟုတ် သင်အသုံးပြုနေသည့် အက်ပလီကေးရှင်းသည် နောက်ဆုံးပေါ်စနစ်ကို မြှင့်တင်ထားခြင်းမရှိနေခြင်း စသည့်အကြောင်းကိစ္စများ အသုံးပြု၍မရခြင်းမျိုး ဖြစ်တတ်ပါသည်။ အထူးသဖြင့် သိပ်မကြာသေးခင်ကာလအထိ ထို ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုလို့ရနေခဲ့သည်ဆိုလျှင်တော့ သင်ကြုံတွေ့နေရသော ပြဿနာကို ဖြေရှင်းရန် သင့်အနေဖြင့် လုပ်ဆောင်ပုံအဆင့်ဆင့်ကို လိုက်လံဆောင်ရွက်၍ မမှားနိုင်ပါ။

    သင်၏ ချိတ်ဆက်မှုများ နှင့် ဒိုမိန်းအမည်ပေးစနစ်ကို ဝှက်စာစနစ်ဖြင့် ကာကွယ်ပါ

    မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

    တစ်ချို့အချိန်များတွင် ဝက်ဘ်ဆိုဒ်စာမျက်နှာများ နှင့် ၄င်းတို့အတွင်းမှအကြောင်းအရာများပေါ်တွင် သတ်မှတ်ထားသော ခွင့်မပြုသည့် စာသားများ၏ စာရင်းများ အပေါ်တွင် အခြေခံ၍လည်း ဝက်ဘ်ဆိုဒ်များသို့ ပေးပို့သော အချက်အလက်တောင်းဆိုမှုများအား ပိတ်ဆို့ခံရတတ်ပါသည်။ သို့သော် ယခုဆင်ဆာပြုလုပ်ပိတ်ပင်ခြင်းပုံစံသည် ဝှက်စာစနစ်ဖြင့် ကာကွယ်ထားခြင်းမရှိသော ဝက်ဘ်ဆိုဒ်များနှင့် ဆက်သွယ်ရာတွင်သာ သတ်မှတ်နိုင်ခြင်းဖြစ်သည်။ HTTPS ချိတ်ဆက်မှုများပုံစံသာလျှင် အသုံးပြုခြင်းအားဖြင့် သင့်ဘရောက်ဇာနှင့် သွားရောက်သော ဝက်ဘ်ဆိုဒ်နှင့်အကြား ဆက်သွယ်မှုများအား ဝှက်စာစနစ်ဖြင့် ကာကွယ်ထားနိုင်ပါလိမ့်မည်။ ထိုမှသာ သင် ကြည့်ရှုနေသော ဝက်ဘ်ဆိုဒ်၏စာမျက်နှာများ နှင့် ၄င်းတို့အတွင်းမှအကြောင်းအရာများကို သင် နှင့် သင်သွားရောက်သော ဝက်ဘ်ဆိုဒ်သာ သိရှိနိုင်မည်ဖြစ်သည်။

    တခြားသော အခြေအနေများတွင် ဆင်ဆာပြုလုပ်ပိတ်ပင်ခြင်းကို ဒိုမိန်းအမည်ပေးစနစ် သို့ ပေးပို့သည့် အချက်အလက်များအား စစ်ဆေးသည့်အဆင့်တွင် သတ်မှတ်ထားခြင်းဖြစ်သည်။ မည်သည့်အရာကို ပိတ်ဆို့မည် သို့မဟုတ် ပြောင်းလဲမည်ဆိုသည်မှာ ဝက်ဘ်ဆိုဒ်များ၏ လိပ်စာကို အင်တာနက်လမ်းကြောင်းများ၏ လိပ်စာအဖြစ် ပြောင်းလဲသော တောင်းဆိုချက်အလုပ်လုပ်ပုံဖြစ်သည်။ သင်နေထိုင်ရာနိုင်ငံပြင်ပတွင် အခြေစိုက်သော ဒိုမိန်းအမည်ပေးစနစ်များ၏ ဆာဗာများကို အသုံးပြုခြင်း နှင့် ဒိုမိန်းအမည်ပေးစနစ်နှင့် သင့်အကြားပေးပို့ဆက်သွယ်သော လမ်းကြောင်းကို ဝှက်စာစနစ်နှင့် ကာကွယ်ထားခြင်းအားဖြင့် ဆင်ဆာပြုလုပ်ပိတ်ပင်ခြင်းကို ရှောင်ရှားနိုင်ပါသည်။ တစ်ဖက်မှာတော့ သင်၏ အင်တာနက်ချိတ်ဆက်မှုကို စစ်ထုတ်ကြည့်ရှုနေသူသည် သင့်အနေဖြင့် ဝှက်စာစနစ်ကို ထောက်ပံ့သော ပြည်ပဒိုမိန်းအမည်ပေးစနစ်တစ်ခုကို အသုံးပြုနေကြောင်း မြင်တွေ့နိုင်ပြီး ထိုဝန်ဆောင်မှုအား အသုံးပြုနိုင်မှုကို စတင်ပိတ်ဆို့နိုင်ပါသည်။

    VPN ဝန်ဆောင်မှုတစ်ခုကို သင်အမှန်တကယ်လိုအပ်မှုရှိမရှိ စဉ်းစားပါ

    VPN တစ်ခုကို ထည့်သွင်းခြင်းမစတင်မီ သင်အမှန်တကယ်လိုအပ်သည့်အရာက မည်သည့်အရာဖြစ်သနည်းဆိုသည်ကို သင့်ကိုယ်သင့် မေးမြန်းပါ။

    ဤအခြေအနေများတွင်တော့ သင့်အနေဖြင့် အောက်ပါလမ်းညွှန်များကို လိုက်ပါလုပ်ဆောင်ပြီး VPN တစ််ခုကို စမ်းသပ်အသုံးပြုသင့်သည်:

    • သင်အသုံးပြုသော ဝန်ဆောင်မှုများ သို့မဟုတ် ဝက်ဘ်ဆိုဒ်များထံမှ သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ကွယ်ဝှက်ထားရန် လိုအပ်ပါက
    • သင်၏ ဒေသတွင်းကွန်ရက်မှ တစ်ဦးဦး သို့မဟုတ် သင်၏ ဒေသတွင်း အင်တာနက်ဝန်ဆောင်မှုပေးသူထံမှ သင်အသုံးပြုဝက်ဘ်ဆိုဒ်များ နှင့် ဝန်ဆောင်မှုများကို ဖျောက်ထားရန် လိုအပ်ပါက
    • သင်ချိတ်ဆက်ထားသော ဒေသတွင်းကွန်ရက် ( သင်၏ စာကြည့်တိုက်၊ အလုပ်၊ ဟိုတယ် စသည်ဖြင့် ) သို့မဟုတ် သင်နေထိုင်ရာနိုင်ငံတွင် တပ်ဆင်ထားသော အင်တာနက်ပိတ်ဆို့မှုများကို ကျော်ဖြတ်ရန် လိုအပ်ပါက။

    သင်၏ လိုအပ်ချက်များကို တခြားသော နည်းလမ်းများဖြင့် ဖြေရှင်းခြင်းကို လိုအပ်သည့် အခြေအနေမျိုးလည်း ရှိပါသေးသည်။ ဉပမာ:

    မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

    ဗွီပီအန်ဝန်ဆောင်မှုတစ်ခုသည် သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို သင်သွားရောက်သော ဝက်ဘ်ဆိုက်များထံမှ ဖုန်းကွယ်ထားပေးပြီး အင်တာနက်ပိတ်ဆို့မှုများကို ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်ပါသည်။သို့သော် ကြော်ငြာဝက်ဘ်ဆိုက်များ နှင့် သင်၏ အင်တာနက်ဝန်ဆောင်မှုအား ထောက်ပံ့သူများမှ ခြေရာခံခြင်း နှင့် ပရိုဖိုင်ပြုလုပ်ခြင်းကို ရှောင်ရှားရန်နှင့် သင်၏ ဒေသတွင်းကွန်ရက်အဆင့်မှ သင့်အား နှောက်ယှက်ခြင်းမှ သင့်ကိုယ်သင် ကာကွယ်ဖို့ လိုအပ်သည်ဆိုလျှင်တော့ အနည်းဆုံး သင်၏ ဘရောက်ဇာအတွင်းမှ ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ပေးနိုင်ရေးချိန်ညှိမှုများအား အားကောင်းစေရန် ပြင်ဆင်ထားခြင်းရှိဖို့ သေချာစေပါ ။ ထို့အပြင် ဘရောက်ဇာအတွင်းတွင် ခြေရာခံခြင်းကို ကာကွယ်ပေးနိုင်သော ထပ်တိုးလုပ်ဆောင်မှုများကိုလည်း ထည့်သွင်းထားသင့်ပါသည်။

    သင်၏ ဒေသတွင်းကွန်ရက်အတွင်းရှိသူတစ်ဦးဦးထံမှ သင်၏ အွန်လိုင်းလှုပ်ရှားမှုများကို ကာကွယ်ရန် စဉ်းစားနေသည်ဆိုလျှင် သင်၏ ချိတ်ဆက်မှုများကို VPN မှတစ်ဆင့် ဖြတ်သန်းသွားရမည့်အစား တိုက်ခိုက်သူ၏ ကွန်ပျူတာအတွင်းမှသာ ဖြတ်သန်းသွားစေနိုင်ပြီး သင်၏ အင်တာနက်လမ်းကြောင်းများကို တိုက်ခိုက်သူအား ထောက်လှမ်းခွင့်ပြုစေနိုင်သည့် TunnelVision ဟု ခေါ်သော အားနည်းချက်တစ်ခုရှိနေသောကြောင့် VPN များသည် သင့်အတွက် ( ယခုလမ်းညွှန်ကိုရေးသားနေသောအချိန်တွင်) အကောင်းဆုံးအဖြေတစ်ခု မဟုတ်နိုင်ပါ။

    အများစုသော ထိရှလွယ်သည့်အခြေအနေများကဲ့သို့ သင်၏ အင်တာနက်သွားလာရာလမ်းကြောင်း လိပ်စာ ကို ကွယ်ဝှက်ရန် လိုအပ်ပါက ဗွီပီအန် ဝန်ဆောင်မှုတစ်ခုနှင့်ပင် အွန်လိုင်းတွင်အမည်မဖော်နေထိုင်ခြင်းကို ရရှိရန် မလုံလောက်ပါ။ အဘယ်ကြောင့်ဆိုသော သင်၏ အင်တာနက်ဖြတ်သန်းစီးဆင်းမှုများကို သင်၏ ဗွီပီအန်ဝန်ဆောင်မှုကို ထောက်ပံ့သူမှ မြင်တွေ့နိုင်ရသေးသောကြောင့် ဖြစ်သည်။

    သင့်အတွက် ဗွီပီအန်ဝန်ဆောင်မှုတစ်ခုက မည်ကဲ့သို့ အသုံးဝင်မည်ကို ထည့်သွင်းစဉ်းစားပါ

    ဗွီပီအန်ဝန်ဆောင်မှုများက သင်သည် သင်အမှန်တကယ်နေထိုင်ရာနိုင်ငံတွင်မဟုတ်ပဲ တခြားမတူညီသည့်နိုင်ငံတစ်ခုတည် တည်ရှိနေသည့်ပုံစံဖြစ်သည့် ကွန်ရက်တစ်ခုကို ကမ်းလှမ်းပေးပြီး သင်အသုံးပြုနေသည့် အင်တာနက်ဝန်ဆောင်မှုကိုလည်း သင်တကယ်တမ်းသွားရောက်နေသည့် ဝက်ဘ်ဆိုက် သို့မဟုတ် ဝန်ဆောင်မှုမဟုတ်ပဲ တခြားသောဝက်ဘ်ဆိုက် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို အသုံးပြုနေသည့်ဟန်ပြပေးပါသည်။

    တစ်ချို့သော ဗွီပီအန်ဝန်ဆောင်မှုများသည် လည်ပတ်ရေးစနစ်များဖြစ်သည့် ဝင်းဒိုး၊ မတ်အိုအက်စ် ၊ လင်းနဇ်စ် ၊ အန်းဒရွိုက် နှင့် အိုင်အိုအက်စ်များတွင် ထည့်သွင်းတည်ဆောက်ထားသော လုပ်ဆောင်ချက်များပေါ်တွင် မှီတည်ပါသည်။ တစ်ချို့ဝန်ဆောင်မှုများတွင် OpenVPn နှင့် WireGuard ကဲ့သို့သော ထပ်တိုးဆောဖ့်ဝဲများကို ထည့်သွင်းပြင်ဆင်ရန် လိုအပ်ပါသည်။ တစ်ချို့သော ဝန်ဆောင်မှုထောက်ပံ့သူများသည် သင့်အတွက် အရာရာကို ဖြေရှင်းပေးမည့် အလိုအလျောက်ထည့်သွင်းသည့်ဖိုင်များကို ကမ်းလှမ်းပါလိမ့်မည်။

    ဗွီပီအန်ဝန်ဆောင်တစ်ခုအား မည်ကဲ့သို့ရွေးချယ်ရမည်ကို လေ့လာပါ

    ဗွီပီအန်ဝန်ဆောင်တစ်ခုကို မည်ကဲ့သို့ ရွေးချယ်ရမည်ကို လေ့လာရန် သင့်ကိုသင် ဤမေးခွန်းများကို ပြန်လည်မေးမြန်းကြည့်ပါ:

    • Will it work for you? – Do you know other people in your situation who are using this VPN service? Have you confirmed with them that it does its job? If this is not the case, does the VPN offer a free trial so you can make sure it will work for you before you sign a contract? Especially if you are planning to use specific tools with your VPN (like for example peer-to-peer file sharing software), it's a good idea to check whether the VPN will work with that tool.
    • Are VPN services legal in your country? – in some countries, VPNs are illegal and you might risk heavy fines or even imprisonment for using them. If VPNs are illegal in your country, you may want to look for a VPN service that offers obfuscated servers or for a different censorship circumvention tool.
    • Is it trustworthy? – The most important question is whether you can trust the company or organization providing the service. When using a VPN, you are moving your point of trust from your local network and internet service provider to the VPN provider. Ask yourself if changing who can see your traffic really reduces your risks. The VPN provider will now be potentially able to observe your internet traffic instead, so you will want to ensure that you can trust them by considering the points below.
      • What's the VPN provider's mission? – To be sure a VPN service is trustworthy, the first thing you should research is its mission or business model: what are the goals of the people managing it? Is the VPN managed by activists who want to fight surveillance or by a company? And if it is a company, who founded it? Does it have a public face, and what background do the founders have?
      • Does it keep logs? – Another important feature to consider is whether the VPN service keeps logs – sooner or later, state authorities will ask a VPN provider to hand over data on one of its users for some investigation. Especially if the VPN is managed by a commercial company, it will be bound to collaborate with the investigators if it wants to stay in business. In such cases, the only way a VPN provider can avoid handing over data and breaching its users' trust is by just keeping on its servers as little information as possible on your connections. Check the privacy policy and terms of service of a VPN to figure out whether they keep logs or not. Also check the VPN's history: did it already receive requests for information by state authorities? How did it respond?
      • Has it been audited? – A way of making sure that a VPN is willing to protect its users as it promises to do is by checking whether it undergoes regular audits by reputable and independent third parties. Since the protection granted by a VPN service relies on the way its infrastructure is set up and managed, the only possible way to check whether it is really secure is by submitting to regular tests. Check whether it undergoes audits, when it was last audited and whether the servers where audited too. If they only had their apps audited and not the backend infrastructure, you can't be sure what they do with your data when it goes through their servers.
      • Where is it based? – Are the company's headquarters in a country that would comply with a request by authorities from your country? And is that country enforcing human rights and consumer protection? It is important to know whether the VPN provider will respect your privacy and rights, and whether it will be forced to collaborate with your country's authorities, especially if you are using the VPN service to secure activities that your country severely cracks down upon.
    • How large is the network? – How many servers does the VPN have, and in how many locations? The larger the network, the more reliable your connection will be. It's also important to check whether the VPN has servers close to your region, as connections will probably be faster if you can use servers closer to you.
    • What technology does it use? – Does the VPN use a reliable protocol and modern encryption technology? Look for services that provide at least 256-bit encryption and a modern VPN protocol like the open-source WireGuard or OpenVPN protocols.
    • Does it include a kill switch feature? – In case of connectivity issues, the VPN might disconnect and your connection could become suddenly insecure without you knowing. To avoid this risk the best VPN services feature a kill switch that will automatically stop all connections whenever you have a connectivity issue. Note that some operating systems (like Android) provide a similar feature in their own settings.
    • Also learn about the criteria we recommend to follow when choosing a tool.

    ဗွီပီအန်ဝန်ဆောင်မှုတစ်ခုကို ရွေးချယ်ပါ

    • ချိတ်ဆက်မှုများကို ကာကွယ်နိုင်သည့် ကိရိယာများကို စုစည်းထားသည့် စာရင်းကို ညွှန်းထားသော ဗွီပီအန်ဝန်ဆောင်မှုများကို သိနိုင်ရန် ကြည့်ပါ။ ဤစာရင်းများအတွင်းတွင် ကိုယ်ပိုင် ဗွီပီအန်တစ်ခုကို စီမံသည့် ရွေးချယ်စရာများလည်း ပါဝင်ပါသည်။
    • သင့်အတွက် အကောင်းဆုံး အလုပ်ဖြစ်သော ဗွီပီအန်များကို သိရှိပြီးပါက တစ်ခုအလုပ်မလုပ်ချိန်တွင် တစ်ခုအလုပ်နိုင်ရန်အတွက် အနည်းဆုံး နှစ်ခု သုံးခုမျှ ထည့်သွင်းထားရန် စဉ်းစားပါ။

    အလုပ်လုပ်မလုပ် စစ်ဆေးပါ

    သင့်အတွက် အကောင်းဆုံးအလုပ်ဖြစ်သော ဝန်ဆောင်မှုတစ်ခုကို ရွေးချယ်ပြီးပါက ဤအပိုင်းတွင် စီထည့်ထားသော အဆင့်များဖြစ်သည့် အမှန်တကယ်အလုပ်လုပ်မှု ရှိမရှိ နှင့် သင့်အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ပေါက်ကြားစေခြင်းရှိမရှိစစ်ဆေးခြင်းများကို လိုက်ပါလုပ်ဆောင်ပါ။

    ဖြစ်နိုင်ပါက သင့်အနေဖြင့် အင်တာနက်ကို ကောင်းမွန်စွာ ချိတ်ဆက်နိုင်ပြီး ကျယ်ပြန့်စွာပိတ်ပင်ထားမှုများကို ကျော်ဖြတ်ရန် မလိုအပ်သည့် အခြေအနေတွင် ဤ စမ်းသပ်မှုများကို ပြုလုပ်နိုင်ပါသည်။

    အင်တာနက်ချိတ်ဆက်ထားသည့် လိပ်စာများ ပေါက်ကြားခြင်းများ ရှိမရှိစစ်ဆေးပါ

    1. သင်၏ လက်ရှိအင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ရှာဖွေကြည့်ပါ။ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာ၏တည်နေရာ သို့မဟုတ် WhatIsMyIP ကဲ့သို့ ဝက်ဘ်ဆိုဒ်တစ်ခုထဲသို့ ဝင်ရောက်ကြည့်နိုင်ပါသည်။ Google ၏ ရှာဖွေနိုင်သည့်ဘားတန်းတွင် သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို မေးမြန်းကြည့်ခြင်းပင်လျှင်လုပ်နိုင်ပါသည်။
      • လိပ်စာသည် 172.105.249.143 or 2a01:7e01::f03c:92ff:fecd:7e45ကဲ့သို့ ဖြစ်နိုင်ပါသည်။
    2. အင်တာနက်ပိတ်ဆို့မှုများကို ကျော်ဖြတ်ရန် ဗွီပီအန် သို့မဟုတ် တခြားသော အက်ပလီကေးရှင်း တစ်ခုကို တူညီသော ဖုန်းထဲတွင် ဖွင့်ပါ။
    3. အဆင့် ၁ တွင် သင်သွားရောက်ခဲ့သော အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာအား စစ်ဆေးသည့် စာမျက်နှာအား ပြန်သွားကာ စာမျက်နှာကို အသစ်က ပြန်စပါ။
      • မတူညီသည့် အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ပြနေခြင်းဖြစ်ကြောင်း အတည်ပြုပါ။
      • အရင်က အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာ နှင့် တူညီနေပါက သင်အသုံးပြုနေသော အက်ပလီကေးရှင်းသည် အမှန်တကယ်အလုပ်လုပ်သင့်သကဲ့သို့ လုပ်ဆောင်နေခြင်းမရှိပါ။
    4. သင်အသုံးပြုနေသာ ကိရိယာသည် သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ပေါက်ကြားစေခြင်းရှိပါက အောက်ပါ အဆင့်များကို လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိစ္စကို ဖြေရှင်းနိုင်စေခြင်းရှိမရှိသိနိုင်စေရန် ကြိုးစားကြည့်ပါ :
      • သင်၏ စက်ပစ္စည်းကို ပိတ်ပြီးပြန်ဖွင့်ပါ။
      • သင်၏ အက်ပလီကေးရှင်းသည် ဗွီပီအန်၏ ဆာဗာကို ချိတ်ဆက်နေခြင်းရှိမရှိ စစ်ဆေးပါ။
      • သင်၏ ဖိုင်းယားဝေါ နှင့် ဗိုင်းရက်စ်ကာကွယ်ရေးစနစ်များကို ယာယီပိတ်ထားပါ။ ဤသို့ပြုလုပ်သည်ပင်လျှင် သင်၏ အင်တာနက်လမ်းကြောင်းသွားလာရာ လိပ်စာကို ပေါက်ကြားခြင်းမရှိပါက ဖိုင်းယားဝေါ နှင့် ဗိုင်းရက်စ်ကာကွယ်ရေးစနစ်များမှ သင်၏ ဗွီပီအန်၏ လုပ်ဆောင်ချက်ကို ပိတ်ပင်ထားမှု မရှိခြင်းသေချာအောင် ၄င်းတို့၏ စာရွက်စာတမ်းများကို စစ်ဆေးပါ။

    ဒိုမိန်းအမည်ပေးစနစ်များပေါက်ကြားထားခြင်း ရှိမရှိကို စစ်ဆေးပါ

    1. BrowserLeaks မှ DNS ပေါက်ကြားခြင်းကို စမ်းသပ်သော စာမျက်နှာ ကို သင်၏ ဗွီပီအန်အား ပိတ်ထားလျှက် ဖွင့်ပါ။ ပေါ်လာသော ဒိုမိန်းများ၏ အမည်ကို ချရေးထားပါ။
    2. သင်၏ ဗွီပီအန်ကို ဖွင့်ကာ DNS ပေါက်ကြားမှုစစ်ဆေးခြင်းစာမျက်နှာကို ပြန်လည်ဖွင့်လှစ်ပါ။ သင်မြင်တွေ့ရသည့် အင်တာနက်လမ်းကြောင်းလိပ်စာသည် အဆင့် ( ၁ ) တွင် မြင်တွေ့ခဲ့ရသော လိပ်စာနှင့် မတူညီသည့်လိပ်စာတစ်ခု ဖြစ်သင့်သည်။ ထိုကဲ့သို့ ပြောင်းလဲခြင်းမရှိပါက သင်အသုံးပြုနေသော ဗွီပီအန်သည် DNS များ ပေါက်ကြားနေခြင်းဖြစ်နိုင်ပါသည်။

    WebRTC များ ပေါက်ကြားခြင်းရှိမရှိကို စစ်ဆေးပါ

    1. ဗွီပီအန်ကို ပိတ်ထားကာ BrowserLeaks ၏ WebRTC ပေါက်ကြားမှုများကို စမ်းသပ်သည့် စာမျက်နှာ ကို ဖွင့်ပါ။ သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို လူအများမြင်ရနိုင်သည့်နေရာတွင် ရှိမရှိကို ကြည့်သင့်သည့်။
    2. သင်၏ ဗွီပီအန်ကို ဖွင့်ကာ WebRTC ပေါက်ကြားခြင်းကို စမ်းသပ်သော စာမျက်နှာ ကို ပြန်လည်စတင်ပါ။ သင် ယခု မြင်တွေ့နေရသော အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာ သည် အဆင့် ( ၁ ) တွင် မြင်တွေ့ခဲ့သော လိပ်စာ နှင့် ကွဲပြားနေသင့်သည်။ ထိုကဲ့သို့ ကွဲပြားနေခြင်းမရှိပါက သင်သည် WebRTC ပေါက်ကြားခြင်းမျိုး ကြုံတွေ့နေရနိုင်ပါသည်။
    3. ဤကိစ္စကို ဖြေရှင်းရန် သင်၏ ဘရောက်ဇာအတွင်းမှာ WebRTC ကို ပိတ်ပင်ထားဖြင့်ဖြင့် အဆင်ပြေနိုင်ပါသည်။ ထိုကဲ့သို့ ပိတ်ပင်ထားခြင်းဖြင့်တော့ ဗီဒီယိုဖုန်းခေါ်ဆိုမှုကိုလည်း ပိတ်ပင်သွားနိုင်ကြောင်းကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။
    မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

    ဗွီပီအန်အများစုသည် သူတို့၏ ဝန်ဆောင်မှုများသည် ထိရောက်မှုရှိသည်ဟူ ကြော်ငြာသော်လည်း သင်၏ အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာကို ပေါက်ကြားစေခြင်းရှိမရှိ နှင့် အမှန်တကယ်အလုပ်လုပ်ခြင်းရှိမရှိကို စစ်ဆေးသင့်သည်။

    သင်လိုအပ်သည့်အချိန် ( ဉပမာ။ သင်သွားရောက်လိုသည့် ဝက်ဘ်ဆိုက် သို့မဟုတ် သင်အသုံးပြုလိုသည့် ဝန်ဆောင်မှုသည် ပိတ်ဆို့ခံထားရသည် ) တွင် အသုံးပြုနိုင်ရန် သင်အသုံးပြုသည့် ဗွီပီအန်ဝန်ဆောင်မှုသည် အမှန်တကယ်အလုပ်လုပ်ပြီး သင့်အားကာကွယ်မှုနိုင်မှု ရှိမရှိကို စမ်းသပ်ကြည့်ထားရန် အရေးကြီးပါသည်။ သင်အသုံးပြုသည့် ဝန်ဆောင်မှုကို ဒေါင်းလုတ်ဆွဲရယူနိုင်သော နေရာများပင်လျှင် ပိတ်ဆို့ခံထားရသည့်အခြေအနေတွင် သင်အသုံးပြုမည့် ကိရိယာသည် အရေးအပေါ်အခြေအနေများ၊ စိုးရိမ်ဖွယ်အခြေအနေများတွင် မှန်ကန်စွာအသုံးပြုနေခြင်းကို သေချာစေရန် ခက်ခဲလှသည်။

    ပုံမှန်ဗွီပီအန်ဝန်ဆောင်မှုများနှင့် မတူညီသည့် တခြားသောနည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားကြည့်ပါ

    ဗွီပီအန်ဝန်ဆောင်မှုများသည် သင်နေထိုင်ရာနိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတွင် ပိတ်ဆို့ခံထားရပါက သင်သွားရောက်လိုသော ဝက်ဘ်ဆိုဒ်များကို ဝင်ရောက်နိုင်သည့် ပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်သည့် မတူညီသည့်ကိရိယာများကိုလည်း သင့်အနေဖြင့် ကြိုးစားအသုံးပြုနိုင်ပါသည်။

    သင်၏ ကိုယ်ပိုင်ဗွီပီအန်ကို ထည့်သွင်းပါ

    • OutlineAlgo သို့မဟုတ် Amnezia VPN ကဲ့သို့ ဗွီပီအန်ဝန်များကို ကိုယ်တိုင်တပ်ဆင်ထားနိုင်ရန် သင်နေထိုင်ရာနေရာနှင့် နိုင်ငံမတူညီသည့် အင်အားစုများဖြင့် ပူးပေါင်းထားပါ။

    ဆင်ဆာပြုလုပ်ပိတ်ဆို့မှုများကို ကျော်ဖြတ်သည့် သတ်သတ်မှတ်မှတ်ကိရိယာတစ်ခုကို စမ်းသပ်အသုံးပြုပါ

    • Android အန်းဒရွိုက်ဖုန်းများအတွက် Lantern ကို အသုံးပြုကြည့်ပါ။ iOS iOS ၊ Linux နှင့်LinuxmacOS များ macOS သို့မဟုတ် Windows များအတွက် Windows အသီးသီးနေရာများမှ ဒေါင်းလုတ်ဆွဲရယူနိုင်သည်။
    • Psiphonကို အန်းဒရွိုက်ဖုန်းများအတွက် (Playstore သို့မဟုတ် Psiphon ၏ ဝက်ဘ်ဆိုဒ်မှ တိုက်ရိုက်)ဒေါင်းလုတ်ဆွဲရယူနိုင်ပြီး, iOS အတွက် ( iOS 12.0 သို့မဟုတ် နောက်ပိုင်းကို လိုအပ်သည်) နှင့် macOS (macOS 11.0 သို့မဟုတ် နောက်ပိုင်း နှင့် Apple M1 chip နှင့် နောက်ပိုင်းပါဝင်သော Mac ဖြစ်ရန်လိုအပ်သည်) အတွက် သို့မဟုတ် Windowsအတွက် အသီးသီးနေရာများမှ ရယူနိုင်ပါသည်။
      • Psiphon ကို ဒေါင်းလုတ် ပြုလုပ်နိုင်သော စာမျက်နှာများသည် ပိတ်ဆို့ခံထားရပါက get@psiphon3.com သို့ အီးမေးလ်ပေးပို့ကာ ဒေါင်းလုပ်ဆွဲနိုင်သော မတူညီသည့်လင့်တစ်ခုကို တောင်းဆိုနိုင်ပါသည်။
      • အန်းဒရွိုက်ဖုန်းများတွင် Psiphon ၏ တိုက်ရိုက်ဒေါင်းလုတ်ဆွဲနိုင်သည့် လင့်သည် မသိသည့် အက်ပလီကေးရှင်းများကို စက်ပစ္စည်းအတွင်းသို့ ထည့်သွင်းရန် ခွင့်ပြုရသည် ကို သတိရှိပါ။ ထိုခွင့်ပြုချက်ကို ဖွင့်ခြင်းသည် သင်၏ စက်ပစ္စည်းအား သူခိုးဆော့ဖ်ဝဲအတွက် အားနည်းသွားစေနိုင်ပါသည်။ထိုကကြောင့် ထည့်သွင်းခြင်းပြီးစီးသည်နှင့် ထိုခွင့်ပြုချက်ကို ပြန်လည်ဖယ်ရှားပြီး ထိုခွင့်ပြုခြင်းမျိုးများအား ယာယီသာ ပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
    မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

    ဗွီပီအန်များသည် အမြဲအလုပ်မလုပ်ပါ။ တစ်ချို့သော နိုင်ငံများ နှင့် အဖွဲ့အစည်းများတွင် သင်ဝင်ရောက်အသုံးပြုလိုသည် ဝက်လ်ဆိုက်စာမျက်နှာများကဲ့သို့ပင် ဗွီပီအန်များသည်လည်း ပိတ်ပင်ခံထားရနိုင်ပါသည်။ တစ်ချို့သော ကိစ္စရပ်များတွင် သင်နေထိုင်ရာနိုင်ငံ၏ အာဏာပိုင်များမှ သိရှိခြင်းမရှိသော အင်တာနက်ကွန်ရက် ချိတ်ဆက်သည့် လိပ်စာတစ်ခုကို ရမည့် ကိုယ်ပိုင်ဗွီပီအန်တစ်ခုတည်ဆောက်ခြင်းကဲ့သို့ တခြားသော အဖြေများလည်း ရှိပါသည်။ သို့မဟုတ်ပါက အင်တာနက်စစ်ထုတ်ခြင်းများကို ကျော်ဖြတ်နိုင်သည့် နည်းပညာကို အသုံးပြုရေးဆွဲထားသည့် ကိရိယာများကိုလည်း သုံးနိုင်ပါသေးသည်။

    Algo ဗွီပီအန်၊ Outline ဗွီပီအန် နှင့် Amnezia ဗွီပီအန်တို့သည် တစ်ဦးတစ်ယောက်ချင်းစီအတွက်သာမက အဖွဲ့အစည်းများအတွက်ပါ လုံခြုံသော ကိုယ်ပိုင်ဝန်ဆောင်မှုများကို စီမံခြင်းကို လွယ်ကူစေသည့် ပွင့်လင့်နည်းပညာအက်ပလီကေးရှင်းများ ဖြစ်ပါသည်။ ထိုကိရိယာများကို အသုံးပြုခြင်းဖြင့် ဗီပီအန်များကို အင်တာနက်များဖြင့် စစ်ထုတ်ပိတ်ပင်ခံထားရသော နိုင်ငံများတွင် နေထိုင်သူများအား အင်တာနက်ကို လွတ်လပ်စွာအသုံးပြုနိုင်သော သူများမှ ပိတ်ပင်ထားသည့် ဝက်ဘ်ဆိုက်များကို အသုံးပြုနိုင်စေရန် ဗွီပီအန်များ တပ်ဆင်ကာနိုင်ပါသည်။

    Psiphon သည် အခမဲ့အသုံးပြုနိုင်ပြီး ဆင်ဆာပိတ်ဆို့မှုများကို ဖြတ်ကျော်နိုင်သည့် ပွင့်လင်းနည်းပညာတစ်ခုလည်း ဖြစ်သည်။ Psiphon သည် ဗွီပီအန်များကို မှတ်သားကာ စစ်ထုတ်သည့် ပတ်ဆို့မှုများကို ကာကွယ်နိုင်ရန် ရှုပ်ထွေးသည့်အလွှာတစ်ခုကို အသုံးပြုကာ အွန်လိုင်းအကြောင်းအရာများကို ပိတ်ဆို့မှုမရှိကြည့်ရှုနိုင်သည့် ဝန်ဆောင်မှုကိုလည်း ထောက်ပံ့ပါသည်။ Psiphon သည် ကြော်ငြာများအား အသုံးပြုသူများထံပေးပို့ပေးရန် ငွေကြေးပေးသည့် ကြော်ငြာသူများထံမှ ငွေကြေးရရှိပါသည်။

    Lantern သည် သာမာန် အင်တာနက်မှ အချက်အလက်အသွားလာ လမ်းကြောင်းကို ရောဝင်နိုင်သည့် ပွင့်လင့် ပရိုတိုကောများ ကို အသုံးပြုထားသည့် ဆင်ဆာပိတ်ဆို့မှုများကို ကျော်ဖြတ်နိုင်သည့် ကိရိယာတစ်ခု ဖြစ်သည်။Lantern သည် သာမန်အင်တာနက်လမ်းကြောင်းများကို ရောနှောနိုင်သောကြောင့် သူ၏ ချိတ်ဆက်မှုများကို သတိမပြုမိနိုင်ပဲ ပိတ်ဆို့မခံရနိုင်အောင် ထားထားနိုင်ပါသည်။

    Tor ကို စမ်းကြည့်ပါ

    မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

    တစ်ချို့သော ဝက်ဘ်ဆိုဒ်များ နှင့် အွန်လိုင်းလှုပ်ရှားမှုများသည် သင်နေထိုင်ရာနိုင်ငံတွင် တရားမဝင်ဖြစ်ပြီး တားမြစ်ခံထားရသည်ဖြစ်သောကြောင့် သင့်အနေဖြင့် ဆင်ဆာပြုလုပ်ပိတ်ပင်ထားသော အရင်းအမြစ်များကို အသုံးပြုနေသူတစ်ဦးအဖြစ် သိသာစေခြင်းမှ ရှောင်ရှားလိုသည်ဆိုလျှင်၊ ထို့အပြင် သင်၏ စိုးရိမ်ရမှုတွင် အင်တာနက်အား ဆင်ဆာပြုလုပ်ပိတ်ပင်ခြင်းသာလျှင်မဟုတ်ပဲ နိုင်ငံအဝှမ်းစောင့်ကြည့်ခြင်းပါ ပါဝင်သည်ဆိုလျှင် အခမဲ့ပွင့်လင်းနည်းပညာဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်နိုင်သည့် ကိရိယာဖြစ်သော Tor ဘရောက်ဇာ ကို အသုံးပြုခြင်းသည် တစ်စိတ်တစ်ပိုင်းအနေဖြင့် အထောက်အပံ့ရစေနိုင်ပါသည်။

    Tor သည် ဗွီပီအန်တစ်ခုကဲ့သို့ ဝန်ဆောင်မှုပေးသူတစ်ဦးထံမှာသာ သင်၏ အင်တာနက်လမ်းကြောင်းများကို ဖြတ်သန်းစေခြင်းမဟုတ်ပါ။ TOR သည် သင်၏ ချိတ်ဆက်မှုအား ကမ္ဘာ့နေရာအနှံ့အပြားတွင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ၏ ဖြန့်ဖြူးထားသည့် ကွန်ရက်အဆင့်ဆင့်ကို ဖြတ်သန်းကာ ပေးပို့ပါသည်။ ထိုသို့ပေးပို့ရာတွင် သင်၏ ဝက်ဘ်ဆိုက်များသို့ပေးပို့သော တောင်းဆိုချက်များကို ဝှက်စာစနစ်ပုံစံပြောင်းလဲ၍ သွားရောက်မည့်နေရာသို့မရောက်ရှိခင် အနည်းဆုံး ဆာဗာသုံးခုကို ဖြတ်သန်းသွားခြင်းဖြစ်ပါသည်။ ဤနည်းဖြင့် သင်သွားရောက်သောဝက်ဘ်ဆိုက်များအား လေ့လာ၍ သင်၏ အင်တာနက်ချိတ်ဆက်မှုကို တစ်ဦးဦးမှ စောင့်ကြည့်ခြင်းကို ကာကွယ်ပေးသည့်အပြင် သွားသွားရောက်သည့်ဝက်ဘ်ဆိုက်များမှ သင်နေထိုင်ရာနေရာအား လေ့လာခြင်းကိုလည်း ကာကွယ်ပေးပါသည်။

    အကယ်၍ TOR ဝန်ဆောင်မှုသည် သင်နေထိုင်ရာနိုင်ငံတွင် ပိတ်ပင်ထားသည် သို့မဟုတ် အသုံးပြုရန် ဘေးမကင်းပါက Tor Bridges များကို အသုံးပြုနိုင်ပါသည်။ TOR Bridges များသည် TOR ၏ပုဂ္ဂလိကလမ်းညွှန်တွင် မှတ်တမ်းတင်ထားခြင်းမရှိသောကြောင့် TOR ကွန်ရက် အား အသုံးပြုခြင်းကို ပိတ်ပင်ရန် ကြိုးစားနေသည့် အင်တာနက်ဝန်ဆောင်မှုများနှင့် အစိုးရများအနေဖြင့် ခွဲခြားသိရှိနိုင်ရန် ပိုမိုခက်ခဲပါသည်။

    ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော ကွန်ရက်များမှ အကြောင်းအရာများကို ဝင်ရောက်အသုံးပြုခြင်း နှင့် မျှဝေခြင်းများ ပြုလုပ်ရန်လည်း ထည့်သွင်းစဉ်းစားကြည့်ပါ

    • I2P ကို စမ်းသပ်အသုံးပြုကြည့်ပါ။
    • Ceno ဘရောက်ဇာကို စမ်းအသုံးပြုကြည့်ပါ။
    မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

    ဖိနှိပ်အားမြင့်သည့် နိုင်ငံများတွင် အများစုသော ဆင်ဆာပိတ်ဆို့မှုအားဖြတ်ကျော်နိုင်သော ကိရိယာများသည် အသုံးပြု၍ မလွယ်ကူခြင်းများ ကြုံရနိုင်သလို အသုံးပြုခြင်းဖြင့်လည်း အန္တရာယ်ကျရောက်နိုင်ပါသည်။ I2P နှင့် Ceno ဘရောက်ဇာကဲ့သို့ အချင်းချင်းမျှဝေသော ဗဟိုချုပ်ကိုင်မှုကင်းဝေးသော ကွန်ရက်များတွင် အခြေတည်သော ကိရိယာများသည် ဤကဲ့သို့သော ကိစ္စရပ်များအတွက် အထူးဖန်တီးထားခြင်းဖြစ်သည်။ စိတ်ကူးသည် အကယ်၍ ကွန်ရက်တစ်ခုကိုသည် ဗဟိုချုပ်ကိုင်ခြင်းမဟုတ်ပါက ပွိုင့်တစ်ခုတည်းသာမဟုတ်တော့သောကြောင့် ဆင်ဆာပိတ်ဆို့မှုကို ပိုမိုခံနိုင်ရည်ရှိလာမည်ဖြစ်ပြီး အကြောင်းအရာများကိုလည်း နေရာတစ်ခုချင်းစီမှ မျှဝေနိုင်၊ အသုံးပြုနိုင်မည်ဖြစ်သည်။

    I2P သည် မည်သူမည်ဝါမှန်းမသိစေနိုင်ပဲ ခံနိုင်ရည်ရှိသော ကွန်ရက်များထဲမှ တစ်ခုဖြစ်သည်၊ သင်အသုံးပြုပါက သင့်ကို မည်သူမည်ဝါဟု သတ်မှတ်နိုင်ခြင်း ရှိနိုင်မည်မဟုတ်ပါ။

    Ceno ဘရောက်ဇာသည် ဆင်ဆာပိတ်ပင်ထားသော ဝက်ဘ်ဆိုဒ်များမှ အကြောင်းမရာများကို ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးနိုင်သော ဘရောက်ဇာတစ်ခု ဖြစ်သည်။ အချင်းချင်းကူညီနေသောသူများဖြင့် ဗဟိုချုပ်ကိုင်မှုကင်းသော ကွန်ရက်တစ်ခုဖန်တီးကာ ဝက်ဘ်ဆိုဒ်မှ အကြောင်းအရာများကို အချင်းချင်းကြားတွင် မျှဝေခြင်းကိုလည်း Ceno ဘရောက်ဇာတွင် အသုံးပြုနိုင်ပါသည်။

    သင်၏ နိုင်ငံတွင် ဝင်ရောက်မရနိုင်သော ဆော့ဖ်ဝဲလ်ကို ထည့်သွင်းပါ

    • Paskoocheh မှ တစ်ဆင့် ဆင်ဆာပြုလုပ်ခြင်းကို ကျော်ဖြတ်နိုင်သော အက်ပလီကေးရှင်းများကို ဒေါင်းလုတ်ဆွဲပါ။
    မည်သည်ကြောင့် ဤအရာကို ကျွန်ုပ်တို့ ညွှန်းသည်ကို လေ့လာပါ

    အကယ်၍ သင်နေထိုင်ရာ နိုင်ငံသည် ဆင်ဆာပိတ်ဆို့မှုများအား ဖြတ်ကျော်နိုင်သော အက်ပလီကေးရှင်းများအား ဒေါင်းလုတ်ဆွဲရယူရန်ခက်ခဲသော ဖိနှိပ်မှုမြင့်မားသည့် နိုင်ငံဖြစ်ပါက Paskoocheh ၏ ဆင်ဆာဖြတ်တောက်ခြင်းအားခံနိုင်ရည်ရှိသည့်ချန်နယ်များဖြစ်သည့် ဝက်ဘ်ဆိုက်၊ အန်းဒရွိုက်အက်ပလီကေးရှင်း၊ အီးမေးလ်အလိုအလျောက်စကားပြန် နှင့် တယ်လီဂရမ်အလိုအလျောက်စကားပြန်များမှတစ်ဆင့် ကိရိယာများအား ရယူခြင်းကို ထည့်သွင်းစဉ်းစားကြည့်ပါ။

    ပိတ်ဆို့ထားသော ဝဘ်ဆိုက်များသို့ ဝင်ကြည့်ရန် အခြားကိရိယာများအကြောင်း ဤမေးခွန်းများကို မေးပါ

    မည်မျှပင် ပိတ်ဆို့ထားပါစေ သင့်အနေဖြင့် အင်တာနက်ဖြင့် အဆက်အသွယ်မပြတ်ရှိစေရန် အသုံးပြုနိုင်သော ကိရိယာများကို ဤလမ်းညွှန်တွင် ကျွန်ုပ်တို့ ထောက်ပံ့ပေးထားပါသည်။

    မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များမှ ညွန်းသော တခြားသော ကိရိယာများကို တွေ့ဖူးပြီး သူတို့သည် အမှန်တကယ်စိတ်ချရပြီး အသုံးတည့်ခြင်းရှိမရှိကို သိချင်သည့် အခြေအနေမျိုး ကြုံဖူးပါလိမ့်မည်။

    ဤအရာသည် ဝက်ဘ်ဆိုဒ်အခြေပြု ပရောက်စီတစ်ခု ဖြစ်ပါသလား။ မတူညီသည့် ပရောက်စီ တစ်ခု သို့မဟုတ် ထည့်သွင်းရန်လိုအပ်သော ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်ပါသလား။

    သင်အထိန်းအချုပ်မရှိသော ကွန်ပျူတာတွင် သင့်အနေဖြင့် ဆော့ဖ်ဝဲထည့်သွင်းနိုင်ခြင်းမရှိသည့်အခြေအနေ သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းသည် သင့်အား အန္တရာယ်ကျရောက်စေနိုင်သည် ဆိုပါက ဝက်ဘ်ဆိုက်တွင် အခြေတည်သော ကြားခံဝန်ဆောင်မှုများသည် သင့်အတွက် အဆင်ပြေနိုင်ပါသည်။ သို့သော် သင့်ဘရောက်ဇာပြင်ပတွင် အလုပ်လုပ်သည့် နာမည်ရှိသည့် အက်ပလီကေးရှင်းများသည် ဝက်ဘ်ဆိုက်တွင် အခြေတည်သော ကြားခံဝန်ဆောင်မှုများထက် ပို၍ လုံခြုံပြီး ပို၍ စိတ်ချယုံကြည်ရနိုင်ပါသည်။

    သင်၏ ဘရောက်ဇာမှတစ်ဆင့် ကြားခံဝန်ဆောင်မှုတစ်ခုကို မဖြစ်မနေအသုံးပြုရမည်ဆိုပါက စကားဝှက်များရိုက်ထည့်ခြင်း နှင့် ထိရှလွယ်သောအချက်အလက်များ မျှဝေခြင်းများ မပြုလုပ်ပါနှင့် ။ သင်၏ ဝက်ဘ်ဆိုက်များသို့ပေးပို့သော တောင်းဆိုချက်များ နှင့် ထည့်သွင်းသော အချက်အလက်များသည် ကြားခံဝန်ဆောင်မှုပေးသူများထံတွင် ပေါ်နေနိုင်သောကြောင့် HTTPS နှင့် မစတင်ပဲ HTTP ဖြင့်သာစတင်သည့် ဝက်ဘ်ဆိုက်တွင် အခြေတည်သော ကြားခံဝန်ဆောင်မှုများအား မည်သည့်အခါမှ အသုံးမပြုပါနှင့်။

    တစ်ချို့သော ဝန်ဆောင်မှုများ ( SOCKS ကြားခံဝန်ဆောင်မှုများဟု ခေါ်သော ဝန်ဆောင်မှုများ ) သည် ဝက်ဘ်ဆိုက်တွင် အခြေတည်သော ဝန်ဆောင်မှုများမဟုတ်ပါ။ သို့သော် ထိုဝန်ဆောင်မှုများသည် သင်၏ လမ်းကြောင်းများကို သူတို့၏ ဆာဗာများမှတစ်ဆင့်သာ ဖြတ်သန်းသွားစေပါသည်။ ထိုဝန်ဆောင်မှုများသည် သင့်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတွင် စစ်ထုတ်ပိတ်ပင်ထားသော ဝန်ဆောင်မှုများ ( ဉပမာ ။ ဆက်သွယ်ရေး အက်ပလီကေးရှင်းများ ) ကို အသုံးပြုနိုင်ရန်ကာကွယ်ပေးနိုင်သော်လည်း သင်၏ ချိတ်ဆက်မှုများကို ဝှက်စာစနစ်ပုံစံသို့ ပြောင်းလဲပေးမည်မဟုတ်ပါ။

    အများပိုင်လား ဒါမှမဟုတ် ပုဂ္ဂလိကလား။

    ပုဂ္ဂလိကကြားခံဝန်ဆောင်မှုများကို မည်သူမဆို အခမဲ့အသုံးပြုနိုင်ပါသည်။ သို့သော် ထိုဝန်ဆောင်မှုကို မည်သည်ကြောင့် သို့မဟုတ် မည်သူမှ ထောက်ပံ့ပေးနေခြင်းကို သင်မသိပါက ထိုသော ထောက်ပံ့ခြင်းသည် မကောင်းမွန်သောရည်ရွယ်ရင်းနဲ့ ထောက်ပံံ့ထားခြင်းမျိုး ဖြစ်နိုင်ပါသည်။ ပုဂ္ဂလိကကြားခံဝန်ဆောင်မှုများသည် မြန်မြန်ဆန်ဆန်ဖြင့်ပင် အသုံးပြုသူများနှင့် ပြည့်နှက်သွားတတ်ပါသည်။ ထိုကြောင့်လည်း ဝန်ဆောင်မှုများသည် နှေးသွားစေပြီး ပိတ်ပင်မှုခံရနိုင်ချေကိုလည်း မြင့်တက်စေပါသည်။ ပုဂ္ဂလိကကြားခံဝန်ဆောင်မှုများသည်လည်း လစဉ် သို့မဟုတ် နှစ်စဉ်ငွေကြေးကောက်ခံခြင်းကြောင့် အသုံးပြုရာတွင် တားဆီးပိတ်ပင်မှုများလည်း ရှိပါသည်။

    စိတ်ချရ၍ လုံခြုသော တစ်ကိုယ်ရည်ပရောက်စီပေါ်တွါင် အကောင့်တစ်ခုကို ရရှိနိုင်ပါက အများအသုံးပြုသော ပရောက်စီပေါ်တွင် ရှိသော အကောင့်ထက် ပိုမိုကြာရှည်စွာ အလုပ်လုပ်ကောင်းလုပ်နိုင်ပါသည်။

    အဆင့်မြင့်- OONI နှင့် ပူးပေါင်းပါ

    အင်တာနက်ကို အသုံးပြုရာတွင် သင်နေထိုင်ရာဒေသအတွင်း ဝက်ဘ်ဆိုဒ်များ နှင့် ဝန်ဆောင်မှုများကို ပိတ်ပင်ထားပါက ကမ္ဘာအနှံ့အပြားမှ ပိတ်ဆို့မှုအခြေအနေများကို အချက်အလက်စုဆောင်းနေသော Open Observatory of Network Interference (OONI)သည် သင့်အကြောင်းကို သိချင်ပါလိမ့်မယ်။

    OONI ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်မည်ဆိုလျှင့် သင့်အနေဖြင့် သင်၏ အင်တာနက်လှုပ်ရှားမှုများကို စောင့်ကြည့်နေသူ မည်သူကမဆို OONI Probe ကို အသုံးပြုနေကြောင်းကို မြင်တွေ့နိုင်မည်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားပါ။ သင့်အနေဖြင့် ဖိနှိပ်သော နိုင်သော၏ ရေဒါအတွင်းတွင် ရှိနေသည်ဆိုပါက မစတင်ခင် OONI အတွက် စမ်းသပ်မှုများပြုလုပ်ခြင်း၏ ဖြစ်နိုင်ချေရှိသော အန္တရာယ်ကျရောက်နိုင်စွမ်းကို ပိုမိုလေ့လာထားခြင်းက အကောင်ဆုံးဖြစ်သည်။

    ဆက်လက်ဖတ်ရှုရန်